ရေကြည် ၊ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယမန်နေ့နံနက် (၄) နာရီ (၂၀)မိနစ် အချိန်တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းကျောက်တိုင်ကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား မြို့နယ်ရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့က အလံတိုင်ထိပ်သို့ အစီအစဉ်အတိုင်း လွှင့်တင်ပေးခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက နိုင်ငံတော်အလံအားအလေးပြုခဲ့ကြကြောင်း သိရသည်။
ထို့နောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို နံနက် (၇) နာရီအချိန်၌ အဆိုပါကျောက်တိုင်ကွင်း၌ ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၇၄)နှစ်မြောက် လွတ်လပ် ရေး နေ့ အတွက်ပေးပို့လာသော သဝဏ်လွှာကိုဖတ်ကြားခဲ့သည်။
ဆက်လက်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် အားကားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူများနှင့် ကလေးငယ်များပျော်ရွာစွာ ပါဝင် ဆင်နွဲခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)