ကြံခင်း ဇန်နဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီအချိန်က ရွှေတောင်စုရပ်ကွက် လွတ်လပ်ရေးကျောက်တိုင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက နိုင်ငံတော်အလံအား အလေး ပြုခြင်း၊ ကျဆုံးလေပြီးသောရဲဘော်များအား အလေးပြုကြပါသည်။
ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာအားဖတ်ကြားပြီး၊ မြို့နယ်အဆင့်ပါဝင်ယှဉ်ပြိုင်သော အခြေခံပညာ ကျောင်း များမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိကြ သော ကျောင်းသား၊ ကျောင်းသူများနှင့် မာရသွန်ပြိုင်ပွဲတွင်ဆုရ အားကစားသမားများကို မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများကဆုများ အသီးသီးချီမြှင့်ခဲ့ကြကြောင်းနှင့် ကျပန်း စကားပြော ပြိုင်ပွဲတွင် ဒုတိယဆုရရှိသူ ချင်းမြောင်(အထက)မှ ကျောင်းသူ မထူးထူးနိုင်က "(၇၄)နှစ်မြောက်မှသည်ထောင်စု နှစ်များဆီ ဦးတည်လို့လွတ်လပ်ရေးအမွေကို ထိန်းသိမ်းကြပါစို့"ခေါင်းစဉ်ဖြင့် ပြန်လည်သရုပ်ပြ တင်ဆက်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှုးနှင့် ဝန်ထမ်း များက (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)