သာယာဝတီမြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ (ဒုတိယ)အကြိမ်မြောက် စာပေဟောပြောပွဲနှင့် အားကစားဆုချီးမြှင့်

သာယာဝတီ     ဇန်နဝါရီ    ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်စာရေးဆရာအသင်းနှင့် အနောက်လက်ပံခုန် ရပ်ကွက် ရပ်မိရပ်ဖများ၊ လူငယ်များ၊ စာပေချစ်မြတ်နိုးသူများ ပူးပေါင်း ကျင်းပသော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် (ဒုတိယ)အကြိမ်မြောက် စာပေဟောပြောပွဲနှင့် အားကစားဆု ချီးမြင့်ခြင်းကို ယမန်နေ့ ည ၆ နာရီက သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဗိုလ်စိန်မှန်ပန်းခြံအတွင်းရှိ ပီမိုးနင်းစာကြည့်တိုက်ဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

စာပေဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းဟို ကအဖွင့်အမှာစကား ပြောကြားပြီး စာရေးဆရာပန်းတကာ (မောင်ထွန်း)က "မြန်မာတို့လွတ်လပ်ရေးဆုံးရှုံးခဲ့စဉ်က” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာမ သဥ္ဇာလှိုင် (လားရှိုး)က  "စာဖတ်ခြင်းနှင့်လွတ်လပ်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ကြသည်။

အဆိုပါ စာပေဟောပြောပွဲနှင့် အားကစားဆုချီးမြှင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟို၊ အဖွဲ့ဝင် ဗိုလ်မှူး ကြည်မျိုးလွင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာပေချစ်မြတ်နိုးသူ စာပေ ဝါသနာရှင်များ တက်ရောက် နားထောင်ခဲ့ကြသည်။

ဆက်လက်ပြီး စာရေးဆရာမ သဥ္ဇာလှိုင်(လားရှိုး) ပီမိုးနင်းစာကြည့်တိုက်အတွက် သုတ၊ရသ၊ စာအုပ်မျိုးစုံ(၃၀)အုပ်အားလှူဒါန်းပြီး သုံးဆယ်မြို့၊အနောက်လက်ပံခုန်ရပ်ကွက်အတွင်းရှိ လူငယ် များအား  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့တွင်ကျင်းပခဲ့သော အားကစားဆုများအား တာဝန်ရှိသူ များက ဆုလက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သန့်ဇော်