ကျောက်ပန်းတောင်း ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့်ဆောင်ရွက်သည့် ကျောက်တံခါးကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေများကို ယနေ့ညနေ(၃)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် ကျောက်ပန်းတောင်းမြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညောင်ဦးခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် ကျောက်ပန်းတောင်းမြို့ နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းတို့သည် တာဝန်ခံအင်ဂျင်နီယာများနှင့်အတူ၊ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာကော်မတီဝင် များ၊ တာဝန်ခံများနှင့်ရပ်မိရပ်ဖများအား တွေ့ဆုံ၍ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။ အဆိုပါ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ခုနှစ် (၆)လကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်(၁၀)သန်း၊ ကျေးရွာပြည်သူလူ ထုမှ ပူးပေါင်းထည့်ဝင်ငွေကျပ် (၁၁.၁၅)သန်း၊ စုစုပေါင်းငွေကျပ်(၂၁.၁၅)သန်းဖြင့် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ပထမပတ်တွင် စတင်ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး၊ လမ်းအရှည်(၁၀၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ရာ၊ စစ်ဆေးချိန်တွင် လုပ်ငန်းအားလုံး၏ (၉၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းပြီးစီးပါက၊ လယ်ယာထွက်ကုန်များ လွယ်ကူ လျင်မြန်စွာ သယ်ယူပို့ဆောင်ရောင်းချနိုင်ကြမည်ဖြစ်၍ ကျေးရွာတွင်းရှိ အိမ်ခြေ (၁၁၅)အိမ်၊ အိမ်ထောင်စု(၁၃၅)စုမှ လူဦးရေ (၆၆၉)ဦး၏ လူမှုစီးပွားဘဝများကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)