အထက-ဘုတ်ပြင်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ကျပန်းစကားပြောပြိုင်ပွဲနှင့်ကာယ၊ ဉာဏ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားကျင်းပ

ဘုတ်ပြင်း   ဇန်နဝါရီ   ၄

တနင်္သာရီတိုင်းဒေသကြီး  ကော့သောင်းခရိုင် ဘုတ်ပြင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင် ပွဲနှင့်ကာယ၊ ဉာဏပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အ.ထ.က ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဘုတ်ပြင်းမြို့နယ် အမှတ်(၁၃)စစ်ဆင်ရေးကပ်ကွဲမှုဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး သော်ဇင်နိုင်၊ မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများက တက်ရောက်ချီးမြှင့်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို အလယ်တန်းကျောင်းသားကျောင်းသူများက ပညာဗိမ္မာန်  သီချင်း သီဆို၍ဖွင့်လှစ်သည်။ ယင်းနောက် အ.ထ.က ကျောင်းအုပ် ဆရာမကြီး ဒေါ်လှအေးက လွတ်လပ်ရေးအနှစ်သာရနှင့် လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားပြီး  တက်ရောက်လာကြသူများက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အခြားပျော်ပွဲရွှင်ပွဲ အာကစားပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများကို ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ အခမ်းအနားအပြီးတွင် KG သားငယ်သမီးငယ်လေးများက စည်းလုံးခြင်းသည်ခွန်းအားသီချင်းဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေခဲ့ကြ ကြောင်း သိရှိရသည်။   

မြို့နယ်( ပြန်/ဆက်)