ဘူးသီးတောင် ဇန်နဝါရီ ၈
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ ယနေ့ ညနေ (၃) နာရီအချိန်က အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပွင့်လင်းရာသီရောက် ရှိလာပြီဖြစ်၍ မိဘပြည်သူများအနေ မီးလောင်မှု၊ မီးလန့်မှုများနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မိမိနေအိမ်၊ ပတ်ဝန်းကျင်တွင် ချက်ပြုတ်သုံးစွဲသည့် လျှပ်စစ်မီး၊ မီးဖိုများမှ မီးလန့်မှုများ၊ မီးလောင်မှုများ မဖြစ်ပွားမပေါ် ပေါက်အောင် မီးကိုအထူးသတိပြု၍ ချက်ပြုတ်သုံးစွဲကြရန်၊ မော်တော်ယာဉ်များ၊ စက်သုံး ဆီဆိုင်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိက ရုံးများ၌ မီးဘေးကြိုတင် ကာကွယ်နိုင်ရန်အတွက် ထားရှိအပ်သော ရှေ့ဦးမီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးများအား အသင့် တပ်ဆင်ထားရှိကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားကြရန် ပြည်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များကို မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
လှကျော်(ပြန်/ဆက်)