ရေဦး၊ ဇန်နဝါရီ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အတူ ကျန်းမာရေး ၀န်ကြီးဌာနက စီစဉ်ဆောင်ရွက်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင်Covid -19 ကူးစက်ရောဂါ ကာကွယ်ဆေးကို အစီအစဉ်သစ်တစ်ခုအနေဖြင့် ဇန်နဝါရီ ၁၀ ရက်နေ့မှစတင်၍ ကာကွာဆေးထိုးပေးလျှက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးမှုနှင့်ပတ်သက်၍ " ယခုကာကွယ်ဆေးထိုးနှံပေးသည့်အစီအစဉ်က နိုင်ငံတော်အစီအစဉ်ဖြစ်ပါတယ်၊ ကျွန်မတို့ ၀န်ကြီးဌာနအနေဖြင့် ပထမအကြိမ်ဆေးထိုးနှံမှု ဇန်နဝါရီလပထမပတ်မှာ ရပ်နားဖို့ကြေညာထားပြီး ဒုတိယအကြိမ်ထိုးနှံကြရမည့် သူများအနေ ဖြင့် ဖေဖော်ဝါရီလကုန်အထိ ဆေးထိုးဖို့နောက်ဆုံးရက်ကိုကြေညာထားပြီးဖြစ်ပါတယ်၊ အခုအစီ အစဉ်သစ်အရ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးဖို့ ညွှန်ကြားလာပါတယ်၊ ညွှန်ကြားချက်နှင့် အညီ ဒေသခံပြည်သူတွေအတွက် ပထမအကြိမ်ကာကွယ်ဆေးထိုးပေးခြင်းဖြစ်ပါတယ်၊ ယခု ကာကွယ်ဆေးက အိန္ဒိယကိုဗစ်ရှီးဆေး ဖြစ်ပါတယ်၊ ဆေးကအနည်းငယ်ပြင်းပါတယ်၊ ဆေးထိုး ပြီးသူတွေ ဆေးထိုးပြီးလျှင် ပါရာစီတမောတစ်လုံးသောက်ပြီး နားနားနေနေ နေထိုင်ကြဖို့ ပြောလိုပါတယ်၊ အခုအစီအစဉ်မှာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး ခြောက်လပြည့်လျှင် တတိအကြိမ် ဆက်လက်ထိုးနှံပေးဖို့ပါပါတယ်၊ လောလောဆယ်မှာတော့ ကျန်းမာရေးကုသရေး ဦးစီးဌာန၀န်ထမ်းများက ပထမဦးစားပေးအနေနဲ့ တတိယအကြိမ် Booster Dose ထိုးနှံပြီးဖြစ်ပါတယ်၊ သည့်နောက်မှာ ရဟန်းသံဃာ သီလရှင် ဒေသခံပြည်သူများကို ဆက်လက် ထိုးနှံပေးသွားဖို့ရှိပါတယ်၊ တတိယအကြိမ် " Booster Dose "ကာကွယ်ဆေးထိုးနှံပေးဖို့ရာမှာ ကိုဗစ်ရှီးဆေး နှစ်ကြိမ် ထိုးထားပြီးသူများကို တတိယအကြိမ် စီနိုဖမ်း ဆေးထိုးကြရမှာ ဖြစ်ပါတယ်၊ တတိယအကြိမ် Covid-19 ကာကွယ်ဆေးထိုးနှံမည့်နေ့ရက်ကိုလည်း အသိပေး ကြေညာသွားမှာဖြစ်ပါတယ်၊ ဇန်နဝါရီ ၁၃ ရက်နေ့အထိ ပထမအကြိမ်ဆေးထိုးပြီးသူ ၅၀၀ ဦး၊ ဒုတိယအကြိမ်ထိုးနှံသူ ၆၀ ဦးထိ ဆေးထိုးနှံပေးနိုင်ခဲ့တယ်ဟု" ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှုးက ပြောသည်။
Covid-19 ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိာအကြိမ် ထိုးနှံပေးခြင်းကို မြို့နယ်ကုတင် (၁၀၀)ဆံ့ပြည်သု့ဆေးရုံ သံဃာ့ဆေးရုံဟောင်းတွင် နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီအထိ ရက်သတ္တတစ်ပတ်မှာ ငါးရက်နှုန်း ဆေးထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
သန်းထိုက်