ကျောက်တံတားမြို့နယ်ရှိ တန်ခိုးကြီးဘုရား ဆူးလေစေတီတော်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကျောက်တံတား ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် အမှတ်()ရပ်ကွက်ရှိ တန်ခိုးကြီးဘုရားဆူးလေစေတီတော်နှင့် ပရိဝုဏ်တခုလုံးအား ယနေ့နံနက်(၀၇:၀၀)နာရီ အချိန်မှစတင်၍ ဘုရားရင်ပြင်တွင် ပထမဦးစွာ တံမြက်စည်းလည်းခြင်း၊ ရေဆေးခြင်းများ ပြုလုပ်ပြီး ဘုရားပရိဝုဏ်ပတ်လည်အား ရေဆေးခြင်း၊ ဘုရားဂုံးကျော်တံတားအား ရေဆေးခြင်းများ စသည်တို့ကို လူအင်အား၊ စက်ကိရိယာများဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ‌ ဆောင်ရွက်မှုကို မြို့‌နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နောင်ဝင်းမှ အနီးကပ်ကြီးကြပ်ပြီး၊ သန့်ရှင်းရေးဌာန၊ ပန်းဥယျာဉ်ဌာန၊ လမ်းတံတား၊ ရေစီးရေလား၊ စသည့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများမှ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)