မြောင်းမြခရိုင်၊လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ လူငယ်များအသင်း (Youth Club) နှင့် စာဖတ်ဝိုင်း ကျင်းပ

မြောင်းမြ  ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမ ှကျောင်းသား လူငယ်များ အသိပညာဗဟုသုတ ပြည့်စုံစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြု တတ်စေရန်၊တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်မှု ရရှိစေရန်နှင့် အတွေးအမြင်များတိုးတက်မြင်မားစေရန်ရည်ရွယ်၍လူငယ်များအသင်း Youth Club ဖွဲ့နှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေလယ် (၂)နာရီအချိန်က  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းကို မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စန္ဒာကြည်က ဦးဆောင်၍ စာရေးဆရာမောင်မင်းစိုး ရေးသားသည့် လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ် စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စာဖတ်ဝိုင်းတွင် ဒေါ်စန္ဒာ​ကြည်က လူငယ်နဲ့အထက် တန်းစားစိတ်ဓာတ်၊ လူငယ်နဲ့ခုခံအားခေါင်းစဉ်ကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးနန္ဒရဲလွင် က လူငယ်နဲ့ပျော်ရွှင်မှု၊ မဖူးပွင့်ခိုင် က လူငယ်နဲ့ရှက်စိတ် ၊ မောင်ဇင်လင်းထွဋ်  က လူငယ်နဲ့လိုအပ်ချက်၊ မအိနန္ဒာလင်း ကလူငယ်နဲ့တန်ဖိုးစသည့်ခေါင်းစဥ်များအားဆွေးနွေးခဲ့ကြပြီးတက်ရောက်လာကြသော Youth Club အဖွဲ့ဝင် များက အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်းနှင့် အဆိုပါစာအုပ်တွင် လူငယ်များ စိတ်ဓာတ်ခွန်အား မြင့်မားစေမည့် ဆောင်းပါးပေါင်း(၂၉)ပုဒ်ပါဝင်ကြောင်းသိရပါသည်။

စန္ဒာကြည်