တကောင်း ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး နံရံ ကပ်စာစောင်များကို လစဉ်အသစ် လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွှဲပိုင်းက ကိုဗစ်-၁၉ရောဂါမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများ၊ မသန်စွမ်းသူများ၏ အခွင့်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါနံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ရောဂါမျိုးကွဲသစ် အိုမီခရွန်( omicron)ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များ၊ အိုမီခရွန်( omicron)၏ ထူးခြားချက်များဖြစ်သည့် ရောဂါကူးစက်မြန်ခြင်း၊ ကိုဗစ်ရောဂါကူးစက်ခံသူများကို ပြန်လည်ကူးစက်နိုင်ခြင်း၊ ရောဂါလက္ခဏာ မပြင်းထန်းခြင်း၊ ကလေးငယ် များနှင့် အသက်(၃၀)အောက်လူငယ်များအား ကူးစက်နိုင်ခြင်း၊ အိုမီခရွန် (omicron) အပါအဝင် ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်းရောဂါများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ ပိုစတာများ၊ မသန်းစွမ်းသူများ၏ အခွင့်ရေးဆိုင်ရာ အချက်အလက်များစသည့် အသိပညာပေး အကြောင်းအရာများအား ပြသဆောင်ရွက် ခဲ့ရာ ဒေသခံပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သီရိအောင်(တကောင်း)