သိန္နီ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က လေဖြတ်လေငန်းရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ သိန္နီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုမြတ်လင်းက (Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ သည်။
ထို့နောက် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်သူဇာဝင်းက လေဖြတ်လေငန်းရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ရောဂါ လက္ခဏာများ၊ ရောဂါဖြစ်ပွားပါက တိုင်းရင်းဆေးပညာဖြင့် ကုသမှုပေးနေမှုများ၊ လေဖြတ် လေငန်းရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် အချက်များကို ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။
သိန္နီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာ ပေးခြင်း (Talk Show) အစီအစဉ်များကို လစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဒေါ်စုမြတ်လင်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)