ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း Mask တပ်ရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ထန်းတပင် (ပဲခူး) ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့ နံနက်(၉)နာရီအချိန်က ထန်းတပင်မြို့ စစ်တောင်း တံတားထိပ်အဝိုင်းပတ်တွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) များ တပ်၍ အိမ်အပြင်သို့ ထွက်ရန် အသိပညာပေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းနိုင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပြင်ပသို့ သွားလာကြသော ပြည်သူများနှင့် မော်တော်ယာဉ်များပေါ်တွင် လိုက်ပါလာသူများအား နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) များကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာ ကြရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ ဟောင်းနွမ်း (Mask) များကို မတပ်ဆင်ကြရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ရန် စသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ပြောကြားပြီး နှာခေါင်းစည်း (Mask)များ စစ်ဆေးခြင်းဖြင့် နှာခေါင်းစည်း (Mask) မတပ်လာသူများအား နှာခေါင်းစည်း (Mask)အခုရေ(၁၀၀၀)ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)