သံတောင်ကြီး ဇန်နဝါရီ ၁၈
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ ၊ လူငယ် လူရွယ်များ ၊ ကျောင်းသူကျောင်းသားများမှ အသိပညာဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါး အန္တရာယ် သိရှိစေရန်အတွက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် (၁၁)နာရီအချိန်က မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာ ကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနော်လော်မူ က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များပြောကြားပြီး နော်ဝုတ်စတီး(ရုပ်သံ-၃)က မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ဆောင်ရွက်နေမှုများ၊ မူးယစ်ဆေးဝါးအမျိုးမျိုး၊ မူးယစ်ဆေးဝါးအမျိုးအစားများ ၊ မြန်မာနိုင်ငံသို့ ဘိန်းစတင်ရောက်ရှိလာပုံ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ တန်ဖိုးရှိလှ လူငယ်ဘဝ၊ မူးယစ်ဆေးဝါးကင်းစင်ကျန်းမာမှ၊ စွဲစေတတ်သော မူးယစ်ဆေးဝါးများ စသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)