မိုင်းရယ် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံ ပညာအထက်တန်းကျောင်း (ခွဲ)(ဟိုယ)၌ ပြုလုပ်သည်။
အဆိုပါကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာလာက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ဆိုင်ရာ သိကောင်းစရာများ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံများကို ဟောပြော ခဲ့သည်။ ဟောပြောပွဲသို့ အခြေခံပညာ အလယ်တန်းအဆင့်မှ ကျောင်းသား/သူ စုစုပေါင်း (၈၀)ဦးတို့က တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် ဉာဏ်စမ်း မေးခွန်းများ အား မြို့နယ်ဦးစီးမှူးက မေးမြန်းခြင်းရာ ကျောင်းသား/သူများက ဖြေကြားပြီး ဆုချီးမြှင့်ခြင်း များကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ အခြေခံပညာ မူလတန်းအဆင့် စာသင်ခန်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး အတွက် နယ်လှည့်စာကြည့်တိုက်အဖြစ် စာဖတ်ဝိုင်းများ ပြုလုပ်ခြင်းနှင့် စာအုပ်များ ငှားရမ်း ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်ထိုက်