သရက်ချောင်းမြို့ လူမှု၀န်ထမ်းမူကြိုကျောင်းတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နေထိုင် စားသောက်မှုပုံစံ အကြောင်း မိဘပြည်သူများအား အသိပညာပေးဆောင်ရွက်

သရက်ချောင်း ဇန်နဝါရီ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့ လူမှု၀န်ထမ်းရုံး မူကြိုကျောင်းတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နေထိုင်စားသောက်မှုပုံစံ အကြောင်းကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး ကလေးသူငယ်များ၏ ကိုယ်ခံအားစနစ် ကောင်းမွန်ရန်၊ အစာအုပ်စုကောင်းမွန်ဖို့၊ အာဟာရရှိသော အစားစာများကျွေး‌ မွေးရန်လိုကြောင်း၊ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော လက်ကမ်းစာစောင်များ၊ ပိုစတာများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေးနွယ်ဝင်း