နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန၌ ခိုင်မင်းဆက် ရေးသားသည့် “အိပ်မက်တွေကို ဆက်ထိန်းထားနှင့် အခြားစိတ်ခွန်အားဖြည့် ဘာသာပြန်စာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

နတ်မောက်  ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများစုပေါင်း၍ စာရေးဆရာ ခိုင်မင်းဆက် ရေးသားသည့်အိပ်မက်တွေကို ဆက်ထိန်းထားနှင့် အခြားစိတ်ခွန်အားဖြည့် ဘာသာပြန်စာများစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိက မိမိဝန်ထမ်းများ အနေဖြင့် ပြည်သူကို အသိပညာပေးလုပ်ငန်းများ ဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းများဖြစ်သည့်အတွက် စာပေကို အမြဲမပြတ် ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း၊ ပြင်ပဗဟုသုတများနှင့် ပြည့်စုံရန်လိုအပ်ကြောင်း စသည့် အကြောင်းအရာများဖြင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မခင်က  ခိုင်မင်းဆက် ရေးသားသည့်အိပ်မက်တွေကို ဆက်ထိန်းထားနှင့် အခြားစိတ်ခွန်အားဖြည့် ဘာသာပြန်စာများစာအုပ်ထဲမှအိပ်မက်တွေကို ဆက်ထိန်းထားခေါင်းစဉ်ကို ဖတ်ရှုဆွေးနွေးခဲ့ရာ ရုံးဝန်ထမ်းများက စာအုပ်အကြောင်းအရာပါ ခေါင်းစဉ် အသီးသီးဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှဝင်း