ကဝ ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀:၀၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာအုပ်စာစောင်ပြပွဲတွင် ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက စာအုပ်စာစောင်ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ပြပွဲသို့ လာရောက်ကြသော စာဖတ်ပရိသတ်များက ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များအား စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။