သတင်းများ

ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ရပ်ကွက်(၃) ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 18,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့ နံနက် (၉)နာရီ အချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (COVISHIELD) ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း (၁၅၄)ဦးကို ဒုတိယအကြိမ် ကာကွယ်ဆေး(SINOVAC) ထိုးနှံသူ စုစုပေါင်း(၃၂၆)ဦးကို ၎င်းအသီးသီး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်နှင့် အထက် ရပ်ကွက်(၃)ရပ်ကွက်နေ ပြည်သူ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ပေါင်း  လူဦးရေ စုစုပေါင်း(၄၈၀)ဦးတို့အား အသီးသီး ထိုးနှံ ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက်၊ ရပ်ကွက်နေပြည်သူများနှင့် သီလရှင် ဆရာလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 18,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ စမ်းချောင်း​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယနေ့ နံနက် (၉) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ၇ ရက်မြောက်နေ့ ဒုတိယအကြိမ် (phase 6) ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၆၀၂)ဦးအား ထိုးနှံပေး ခြင်းများ ဆောင်ရွက်ခဲ့သည်။
သံတောင်ကြီးမြို့နယ်(Community   Centre )တွင် Book   Club  များမှ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်
Jan 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် (Community Centre)ခန်းမတွင် Book   Club  အဖွဲ့ဝင်များက  စာပေ၏ အကျိုးကျေးဇူးကို သိရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာခြင်းကို သိရှိစေရန်ရည်ရွယ်၍ ဒို့ကျေးရွာဂျာနယ် အတွဲ(၁၈)အမှတ် (၂၄) စာမျက်နှာ(၁၂) မှ ချစ်နိုင်(စိတ်ပညာ)၏ “လူတိုင်းလူတိုင်း” တွင်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က  ပြုလုပ်ခဲ့ကြောင်း သိရသည်။
လသာမြို့နယ်တွင် အသက် (၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေး
Jan 18,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယမန်​နေ့​ နံနက် ၉ နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်းလမ်းမ​ပေါ်ရှိ     အထက(၂) လသာကျောင်းဝင်း အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။
ကံမမြို့ အမှတ်(၂)ရပ်ကွက် ကျောင်းကုန်း လမ်းသွယ်(၁)လမ်းပေါ်၌ ကွန်ကရစ်တံတား ပြုလုပ်ရန် မြေသား တူးဖော်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
Jan 18,2022
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂) ရပ်ကွက် ကျောင်းကုန်း လမ်းသွယ်(၁)လမ်း၌ ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ကွန်ကရစ်တံတား ပြုလုပ်ရန် မြေသားတူးဖော်ခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။
ကျောက်တံတားမြို့နယ်တွင် အသက်(၄၀)နှစ် အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေး ဦးတည်အုပ်စုအလိုက် စနစ်တကျ ထိုးနှံပေး လျက်ရှိရာ ယနေ့တွင် အသက်(၄၀)နှစ် အထက်ရှိသူများအား ကာကွယ်ဆေး ထိုးစုရပ် ဖြစ်သည့် အမှတ်(၃) ရပ်ကွက်၊ မဟာဗန္ဓုလ လမ်းနှင့် ၃၅ လမ်းထိပ် (ယခင်ထွေ/ အုပ်ရုံးဟောင်းရှေ့)တွင် နံနက်(၉)နာရီအချိန်မှ (၁)နာရီထိ Sinopharm First Dose(၂)ဦး၊ Sinopharm Second Dose(၃)ဦး၊ Sinovac (2 Dose) Second (၂၅၂) Covishield First Dose (၈၈) ဦးတို့ကို ထိုးနှံပေးခဲ့ရာ ယနေ့တွင် စုစုပေါင်း(၃၄၅)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့၌ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဝင်းလုံချောင်း သံကူကွန်ကရစ်တံတား တည်ဆောက်ရာ၌ (၇၀) ရာခိုင်နှုန်းပြီးစီး
Jan 18,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၊ မြို့ရိုးတောင် ဝင်းလုံချောင်း၊သံကူကွန်ကရစ်တံတား တည်ဆောက်ရာ၌ လယ်တောကြီးကျောင်းဆရာတော်၊ ရွာလုံးတောင်ကျောင်းဆရာတော်တို့မှ ဦးဆောင်ပြီး အများတကာကောင်းမှု ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်မှ ဒေသထွက် ခရမ်းချဉ်သီးများ စတင်ထွက်ရှိ၍ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနေ
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိုသစ်မြိုနယ်အတွင်း ဒေသထွက် ကုန်းခရမ်းချဉ်သီးများ ထွက်ရှိလာသဖြင့် စျေးနှုန်းသက်သက်သာစွာဖြင့် ဝယ်ယူရရှိကြောင်း ဒေသခံများထံမှ သိရသည်။