ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကုန်အညွှန်းမှတ်သားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ဘားအံ ဇန်နဝါရီ  ၁၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊  လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင်  ကုန်အညွှန်းမှတ်သားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဘားအံခရိုင်     လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာသင့်သည့်  ကုန်စည်များတွင် ပါရှိရ မည့်  ကုန်အညွှန်းမှတ်သားများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ကုန်အညွှန်း မှတ်သား ဆိုင်ရာ  အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲပြုလုပ်ရ ခြင်း၏ ရည်ရွယ် ချက်များကို   ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဦးက စားသုံးသူကာကွယ်ရေး ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ စားသုံးသူ ကာကွယ် ရေး ဥပဒေကိုပြဋ္ဌာန်းဆောင်ရွက်ခဲ့မှု၊ စားသုံးသူများအတွက် လုံခြုံစိတ်ချမှုရရှိစေရန် မျှော်မှန်း ချက်များအတွက် ဆောင်ရွက်နေမှုများ၊ ထုတ်ကုန်လုံခြုံမှုရှိစေရန် ဆောင်ရွက်နေမှုများ၊ စားသုံးသူ အခွင့်အရေးနှင့် စားသုံးသူ အကျိုးစီးပွားအတွက် ကာကွယ်စောင့်ရှောက်ပေးရေး ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ် ရေး  ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ စီးပွားရေး လုပ်ငန်းရှင်းများ လိုက်နာရမည့် ကုန်ပစ္စည်း များတွင် ပါဝင်ရမည့် အချက်များဖြစ်သည့် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက် ဆိုးကျိုး၊ ဓါတ်မတည့် ကြောင်း ဖော်ပြချက်၊ ကြိုတင် သတိပေး ချက် စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ခရိုင် ( ပြန်/ဆက် )