နမ့်ခမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (Omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

နမ့်ခမ်း ဇန်နဝါရီ ၁၉

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (Omicron) ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရှိ ရပ်ကွက်များ၊ ကျေးရွာများအတွင်း တွင် ယနေ့ နံနက်ပိုင်း(၉)နာရီအချိန် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်း လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                  

အသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်တွင် မျိုးဗီဇပြောင်းအသစ် (Comicron)အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြား သာမက မိမိနိုင်ငံအတွင်း၌လည်း ကူးစက်ပျံ့နှံ့မှု ပိုမိုများ ပြားလာနေပြီဖြစ်သည့် အတွက် ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်ကို ကြိုတင် ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ကြရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာကာ (Face Shield) တွဲဖက်တပ်ဆင်ရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ လက်ကို စက္ကန့် ၂၀ ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာများ ပေါ်ပေါက်ပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ ကုသမှု ခံယူကြရန်  လှည့်လည်အသိပေး နှိုးဆော်ကြသည်။ 

ရောဂါကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး ထုတ်ပြန်ချက်များကို လည်း တိကျစွာ လိုက်နာဆောင်ရွက် နေထိုင်သွားကြရန် လိုအပ်ကြောင်း အသိပေးနှိုးဆော်ခဲ့ ကြောင့် သိရသည်။  

ဘဦး(နမ့်ခမ်း)