ရမည်းသင်း ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Woman Club အဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးများ အိမ်တွင်းမှု အတတ်ပညာ ဆံထိုး၊ဆံအုပ်ပြုလုပ်နည်း သင်တန်းကို ဇန်နဝါရီ၁၉ရက် နံနက် ၁၀နာရီက လက်တွေ့ သင်တန်းပေး ပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းနည်းပြဆရာမ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုး က သင်တန်းသူများအား ဆံထိုး၊ ဆံအုပ် ပြုလုပ်ခြင်းနည်းများ တတ်မြောက် ပါက မိမိတို့ကိုယ်တိုင် ပြုလုပ်၍ မိသားစုအပိုဝင်ငွေ ရရှိကာ အလုပ်အကိုင်များ ရရှိစေပြီး အမျိုးသမီးများ အိမ်တွင်းလက်မှုလုပ်ငန်းများဖြစ်သော ဇာထိုး၊ ပန်းထိုးနှင့် ပန်းအလှထိုး ပြုလုပ်ခြင်း လုပ်ငန်းများ၊ဆပ်ပြာဆီပြုလုပ်နည်း အစရှိသည့် သင်တန်းများကို စဉ်ဆက်မပြတ် သင်ကြားပို့ချလျက်ရှိကြောင်းကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသော သင်တန်း သူ များအား ဆံထိုး၊ဆံအုပ် ပြုလုပ်နည်းကိုလက်တွေ့သရုပ်ပြပြုလုပ် ပြသသည်။
အဆိုပါသင်တန်းကို သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားကာ အခမဲ့ သင်ကြားပြသပေးခဲ့ခြင်းဖြစ်ကြောင်း ရမည်းသင်းခရိုင်ပြန်/ဆက်ဦးစီးဌာနက သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)