ချောက် ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၌ ယနေ့ နံနက် ၈ နာရီ အချိန်က ချောက်/လမ်းရွာ ရေနံမြေလုပ်ငန်းခွင် သင်တန်းကျောင်း ခန်းမ၌ ချောက်/လမ်းရွာ ရေနံမြေ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် ကွန်ပျူတာအခြေခံ သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ ချောက်/လမ်းရွာ ရေနံမြေ အထွေထွေမန်နေဂျာဦရဲနိုင်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ HYWသင်တန်းကျောင်းမှ သင်တန်းနည်းပြဆရာမ ဒေါ်ဌေးယဉ်ဝင်းမှ သင်တန်းနှင့် ပတ်သက်၍Basic Compu terTraining နှင့် Advanced Computer Training အား ဇန်နဝါရီလ ၁၉ ရက်မှ ဇန်နဝါရီလ ၂၈ရက်နေ့အထိ သင်တန်းချိန်နံနက် ၈နာရီ မှ ၁၀နာရီ၊ နေ့လယ်၂ နာရီမှ ညနေ ၄ နာရီအထိ စာတွေလက်တွေ့ သင်ကြားပေးမည် ဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။
အဆိုပါ သင်တန်းတွင် Basic ComputerTraining အား ဇန်နဝါရီ ၁၉ ရက် မှ ဇန်နဝါရီ ၂၃ ရက်နေ့ အထိလည်းကောင်း၊ Advanced Computer Training အား ဇန်နဝါရီ ၂၄ရက်မှ ဇန်နဝါရီ ၂၈ရက်နေ့အထိလည်းကောင်း သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား အဖြစ် ချောက်/လမ်းရွာ ရေနံမြေမှ ဌာနဆိုင်ရာဝန်ထမ်း ကျား(၈)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်း (၂၀) ဦး တက်ရောက်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)