ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ပွင့်ဖြူ    ဇန်နဝါရီ    ၂၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အတွင်းရှိပြည်သူများအ‌နေဖြင့် ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲသစ်  အိုမီခရွန် (Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အသိပညာပေး နှိုးဆော်ခြင်းကို ယမန် နေ့ မွန်းလွဲ ၂ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကပွင့်ဖြူမြို့ပေါ် အရှေ့ပိုင်းရပ်ကွက် သို့သွားရောက်ပြီး  Hand Speakerဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်း နေသော်လည်း၊ ကိုဗစ်-၁၉  မျိုးရိုးဗီဇ ပြောင်း  မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည်ရက်ပိုင်း အတွင်းနိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ မြန်မာနိုင်ငံတွင်လည်း အိုမီခရွန်ရောဂါပိုး‌ တွေ့ရှိသူများရှိနေပြီဖြစ် သဖြင့်ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း လမ်းညွှန်ချက်များနှင့် အညီတိကျစွာလိုက်နာ ဆောင်ရွက်ကြရန်၊၊အလုံပိတ်အခန်းများနှင့် လေဝင် လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ရှားကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ကိုလည်း ရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့် အကြိမ်ရေပြည့်အောင် မပျက်မကွက် ထိုးနှံပေးကြပါရန် စသည့် အသိပညာပေး လုပ်ငန်းများကို လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။ 

ခင်ဝါဝါလှိုင်(ပြန်/ဆက် )