ငရုတ်ကောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးTalk Showဆောင်ရွက်

ငရုတ်ကောင်း ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက်ပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ်ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ (Talk Show) အစီအစဉ်၌ ငရုတ်ကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ကျော်မာလာလွင်က မီးဘေးအန္တရာယ်အကြောင်းနှင့် မီးသတ်ဆေးဗူးသုံးစွဲပုံများကို မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါ မေးမြန်းဆွေးနွေးမှုများကို ငရုတ်ကောင်းမြို့ နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်က ရှင်းလင်းဆွေးနွေးရာ မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီသို့ ရောက်ရှိလာသဖြင့် ပြည်သူများသို့ မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးခြင်းလုပ်ငန်းများအကြောင်း၊ မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်တာဝန်များနှင့် မီးသတ်ဆေးဗူးသုံးစွဲပုံများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း