မိုင်းရယ် ဒီဇင်ဘာ ၂၃
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ ယနေ့ခေတ် လူငယ်များ စာပေနှင့်ရင်းနှီးစွာရှိစေရေး၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဖွံ့ဖြိုးတိုး တက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် ပြုလုပ်သည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာလာက လူငယ်နှင့်ဘဝတန်ဖိုး စာအုပ်မှ ကလောင်ရှင်များ၏ ဆောင်းပါးများအား ဦးဆောင်ဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူ များကလည်း အပြန် အလှန်ဆွေးနွေးခဲ့ကြပြီး အသိပညာဖလှယ်ခြင်းများ ပြုလုပ်ခဲ့သည်။
ကျော်ဇင်ထိုက်