စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သံတွဲခရိုင်အတွင်းရှိ ရော်ဘာလုပ်ငန်းရှင်များ ၊ မွေးမြူရေးလုပ်ငန်းရှင်များ ခရိုင်အဆင့်ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ကျင်းပ

သံတွဲ        ဇန်နဝါရီ    ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် သံတွဲခရိုင်အတွင်းရှိ ရော်ဘာလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များ ခရိုင်အဆင့်ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂နာရီက သံတွဲခရိုင်လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ကျင်းပြုလုပ်သည်။

ရှေးဦးစွာ ပြည်ထောင်ဝန်ကြီးက သံတွဲခရိုင်အတွင်းရှိ ရော်ဘာလုပ်ငန်းရှင်များ၊ မွေးမြူရေး လုပ်ငန်းရှင်များ ခရိုင်အဆင့်ဝန်ထမ်းများနှင့်တွေ့ဆုံပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ထိုသို့ပြောကြားရာတွင် စိုက်ပျိုးရေးသည်နိုင်ငံတော်၏ ကျောရိုးဖြစ်ကြောင်း၊ မွေးမြူရေး လုပ်ငန်းများတွင်လည်း မျိုးကောင်းမျိုးသန့်များ ရှိရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းများတွင် ကျွမ်းကျင်သည့် လုပ်သားများ လည်း ရရှိရန်လိုအပ်ပြီး လုပ်ငန်းအသီးသီးတွင် ဝင်ငွေတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိကဖြစ်ကြောင်း၊ ပဲသီးနှံသည် မြန်မာနိုင်ငံတွင်အဓိကအရေးပါသည့် ကဏ္ဍတွင်ပါဝင်သဖြင့် စာနပ်ရိက္ခာဖူလုံစေရေးတို့အတွက် သား၊ ငါးမွေးမြူရေး ၊သီနှံစိုက်ပျိုးရေးများအား စီမံကိန်းချ၍ ဆောင်ရွက်မှသာ စီးပွါးရေး၊ လူမှုရေး ၊ ပညာရေး လုပ်ငန်းများ တိုးတက်မှု ရရှိလာမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်ကုတ်၊ သံတွဲ၊ ဂွမြို့နယ်များမှ ရော်ဘာ စိုက်ပျိုးရေး လုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ရေလုပ်ငန်းရှင်များက လုပ်ငန်းလိုအပ် ချက်များအပေါ် ဆွေးနွေးတင်ပြကြသည်။ ထိုသို့တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ရှိ ပြတိုက်ငယ်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

ခရိုင်(ပြန်/ဆက်)