သတင်းများ

ဖြူးမြို့ပေါ်တွင်​ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်စေရေးအတွက် Mask Campaign ပြုလုပ်ပြီး အသိပညာပေးခြင်းများဆောင်ရွက်
Feb 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်စေ ရေးအတွက် ယနေ့ နံနက်(၈)နာရီအချိန်က  မြို့ပေါ်ရှိ ပဲခူးလမ်းမပေါ် မြို့မဈေးရှေ့ လူစည် ကားရာနေရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်၍  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်စောင့်ကြည့်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့များက Mask Campaign  ပြုလုပ်ပြီး  အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများထုတ်ပေး
Feb 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။ 
ကျိုင်းတုံမြို့အဝင်ဂိတ်များတွင် ခရီးသွားလာသူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေးလျက်ရှိ
Feb 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အဝင်ဂိတ်များတွင် ခရီးသွားလာသူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးခြင်းကို ယနေ့တွင်  တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲOmicrom(အိုမီခရွန်)ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် Mask Campaign ပြုလုပ် ဆောင်ရွက်
Feb 23,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြိုနယ်၌ကိုဗစ်-၁၉ရောဂါမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaignကို ယနေ့နံနက် ၈နာရီ အချိန်က မြို့နယ် စည်ပင်သာယာမြို့မစျေး၊ ယာယီပျံကြစျေးနှင့် စလင်းမြို့အခြေခံ ပညာအမှတ်(၁) အထက်တန်းကျောင်း လူစည်ကားရာနေရာများ၌ ပူးပေါင်းအဖွဲ့များက ဆောင်ရွက်ခဲ့ကြသည်။
ကျေးလက်နေပြည်သူများ ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Feb 23,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ မြို့နယ်အတွင်း မီးဘေးလုံခြုံ စေရေန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက ကျေးရွာများသို့ ကွင်းဆင်းသွားရောက်ပြီး မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သတိပြုရမည့်အချက် များကို အသံချဲ့စက်ဖြင့် လိုက်လံသတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ နွေသီးနှံ ပဲပုပ်စိုက်ခင်းများ ရေသွင်းစိုက်ပျိုးထားရှိရာ စိမ်းလန်းစိုပြေလျက်ရှိ
Feb 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း ဇန်နဝါရီလအစောပိုင်းတွင် ရေသွင်းစိုက်ပျိုးထားသော ဝမ်ဟေ ကျေးရွာနေ တောင်သူများ၏ နွေသီးနှံ ပဲပုတ်စိုက်ခင်းများ စိမ်းစိုလျက်ရှိကြောင်းသိရသည်။