ကျိုင်းတုံ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အဝင်ဂိတ်များတွင် ခရီးသွားလာသူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးခြင်းကို ယနေ့တွင် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့အတွင်း ဝင်ရောက်လာသည့် ခရီးသွားလာသူများ၊ ကုန်တင်ယာဉ်မောင်းနှင်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရန်၊ ရှောင်အချက်များ အသိပညာပေးပြောကြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုရှိမရှိ အခမဲ့စစ်ဆေးဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့အဝင်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ကိုဗစ် -၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)