မိုးနဲ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း ဇန်နဝါရီလအစောပိုင်းတွင် ရေသွင်းစိုက်ပျိုးထားသော ဝမ်ဟေ ကျေးရွာနေ တောင်သူများ၏ နွေသီးနှံ ပဲပုတ်စိုက်ခင်းများ စိမ်းစိုလျက်ရှိကြောင်းသိရသည်။
အဆိုပါ နွေသီးနှံ ပဲပုတ်စိုက်ခင်းများကို မိုးရာသီ ကုန်ဆုံးချိန် ကုန်းစပါးများ ရိတ်သိမ်းပြီးချိန်တွင် တောင်ယာမြေများ ထွန်ယက်ပြီးနောက် သဘာဝမြေဩဇာ နွားချေးကို ထည့်သွင်း၍ ရေသွင်းပြီးချိန်တွင် နွေပဲပုပ်ကို ထပ်မံစိုက်ပျိုးထားကြရာ ဝမ်ဟေကျေးရွာနေ တောင်သူများအနက် နွေပဲပုတ်ကို အများအပြား ရေသွင်းစိုက်ပျိုး ထားကြပြီး ၁လကြာ စိုက်ပျိုးပြီးနောက် ပုလဲမြေဩဇာကို ကြဲပက်ပေးထားမှုနှင့် အစိုဓာတ်လုံလောက်စွာ ရရှိမှုကြောင့် ပဲပုပ်ပင်များ စိမ်းလန်းစိုပြေ၍ အသီးထွက်နှုန်း ကောင်းမည်ဟု မျှော်လင့် ကြောင်း ဝမ်ဟေကျေးရွာနေ နွေပဲပုပ်စိုက်ပျိုးထားသူ ဒေါ်ပီနန်းထွေးထံမှ သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)