ရန်ကုန် ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး သိကောင်းစရာများနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ခင်နှင်းကြည်၊ စာရေးဆရာမ ဒေါ်အေးအေးသန့် (စက်မှု) တို့ကလူကုန်ကူးမှု ဖြစ်ပေါ်လာသော အကြောင်းအရာများ၊ မြန်မာနိုင်ငံမှာ လူကုန်ကူးမှုဥပဒေကို ဘယ်နှစ်ခုနှစ်က စတင်ပြဌာန်း ခြင်း၊ လူကုန်ကူးမှု ဖြစ်ပေါ်တဲ့အခါ အသက်အရွယ်နှင့်ဘာကြောင့် လူကုန်ကူးခံရခြင်း၊ လူကုန်ကူးမှုမခံရအောင် ဘယ်လိုကာကွယ်ဆောင်ရွက်ရမည့် အချက်များ စသည့် လူကုန်ကူးမှုအန္တရာယ် သိကောင်းစရာများ နှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) အနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အသိပညာပေး လုပ်ငန်းများကို Onlineမှ တစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)