သတင်းများ

အရှေ့မြောက်အရပ်က မုံးပေါ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားတိုင်း  ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပ
Feb 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မုံးပေါ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများကို နိုင်ငံသားကတ်မှတ်ပုံတင်ရှိခြင်းဖြင့် မိမိတို့၏ လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ သွား လာရေး၊ ပညာရေးစသည့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ယနေ့နံနက်(၉)နာရီ အချိန် က မုန်းပေါ်ဒေသ(ဌာနေ)ငြိမ်းအေးမြေခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လက်ဝယ်အရောက် ပေးအပ်ပွဲပြုလုပ်ခဲ့သည်။ 
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Feb 23,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီ အချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ် ခန်းမ နှင့် စုရပ် (၃) နေရာတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် သားသတ်လုပ်ငန်းအိတ်ပိတ်တင်ဒါ ရောင်းချခြင်းနှင့် အရပ်ရပ် အခွင့်အရေး လိုင်စင်များဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း အခမ်းအနား ကျင်းပ
Feb 23,2022
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့တွင် ဖာပွန်မြို့နယ်နှင့် ကမမောင်းမြို့၏ ၂၀၂၂-၂၀၂၃ဘဏ္ဌာရေးနှစ်အတွင်း သားသတ်လုပ်ငန်း အိတ်ပိတ်တင်ဒါ ရောင်းချခြင်းနှင့်အရပ်ရပ် အခွင့်အရေး လိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေ‌လံတင်ရောင်းချခြင်း အခမ်းအနားကို ကမမောင်းမြို့ စည်ပင်သာယာရေးအဖွဲ့ရုံးခန်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် မြောင်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စု ၆၆ အိမ်အတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ဆန်နှင့် ဟင်းချက်စရာများလှူဒါန်း
Feb 23,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကြအိုကျေးရွာအုပ်စု၊ မြောင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်က မီးလောင်ကျွမ်းခဲ့သည့် အိမ်ထောင်စုများအတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ယနေ့နံနက် ၉ နာရီအချိန်တွင် ကျေးရွာသူ/ကျေးရွာသားများ တဒင်္ဂပြေလည်စေရန် ဆန်နှင့်ဟင်းချက်စရာများ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ် ငရုပ်စိုက်ပျိုးတောင်သူများ ငရုပ်သီးမျိုးပေါ်မူတည်ပြီးဈေကွာခြားမှုများ ရှိနေ
Feb 23,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် ငရုပ်သီးအမြောက်အများ စိုက်ပျိုးသည့် ကျေးရွာများဖြစ်ကြကာ ငရုပ်သီးများရင့်မှည်ဆွတ် ခူးရောင်းချချိန် ငရုပ်မျိုးပေါ်မူတည်ကာ ဈေးနှုန်းကွာခြားမှုဖြင့် ရောင်းချနေရကြောင်း လက်ပံခြေပေါ် ကျေးရွာအုပ်စု ၊ရွာသစ်ကုန်းကျေးရွာ ဦးမင်းညိုထံက သိရသည်။
သီဟိုဠ်စေ့ပေါ်ချိန်တွင် ကလိန်‌အောင်ဒေသထွက် သီဟိုဠ်စေ့ဈေးကောင်းရရှိ
Feb 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ သီဟိုဠ်ခြံ စိုက်ပျိုးခြင်းဖြင့်လည်း စီးပွားဖြစ်ထွန်းလျက်ရှိပြီး ယခုနှစ် သီဟိုဠ်စေ့ပေါ်ချိန်တွင် ယခင်နှစ်ကထက် ဈေးကောင်းရရှိလျက် ရှိကြောင်း ကလိန်အောင်မြို့ သီဟိုဠ်ခြံစိုက် တောင်သူတစ်ဦးထံမှ သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အမှတ်(၃၀)ဈေးအတွင်း သရုပ်ပြစစ်ဆေးခြင်းဆောင်ရွက်
Feb 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အမှတ်(၃၀)ဈေးအတွင်း သရုပ်ပြစစ်ဆေးဆောင်ရွက်ခြင်းကို ယမန် နေ့နံနက်ပိုင်းက အမှတ်(၃၀)ဈေးအတွင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးတင်ထွန်းအောင်နှင့် အဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်
Feb 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ဖေဖော်ဝါရီလ၂၁ ရက်နေ့က ကမာရွတ်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ သံလွင်လမ်း၊ (၉၉) ကုန်း၊ အမှတ် (၃၅) အတွင်း မီးလောင်ကျွမ်းမှု ဖြစ်စဉ်ကြောင့် မီးဘေးသင့်ခဲ့သည့် ပြည်သူများအား