စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲOmicrom(အိုမီခရွန်)ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် Mask Campaign ပြုလုပ် ဆောင်ရွက်

စလင်း ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြိုနယ်၌ကိုဗစ်-၁၉ရောဂါမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaignကို ယနေ့နံနက် ၈နာရီ အချိန်က မြို့နယ် စည်ပင်သာယာမြို့မစျေး၊ ယာယီပျံကြစျေးနှင့် စလင်းမြို့အခြေခံ ပညာအမှတ်(၁) အထက်တန်းကျောင်း လူစည်ကားရာ နေရာများ၌ ပူးပေါင်းအဖွဲ့များက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်း ကော်မတီ အဖွဲ့ဝင်များ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှဝန်ထမ်းများ အမျိုးသမီးရေးရာအဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများသက်ဆိုင်ရာ အဖွဲ့အစည်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ ကြပြီး ပြည်သူများအနေဖြင့်နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှာခေါင်းစည်းMask စနစ်တကျ တတ်ဆင်ကြရန်နှင့် လူစုလူဝေးများကို တတ်နိုင်သမျှ ရှောင်ကျင်ရန် လက်ကို သေချာစွာ ပွတ်တိုက်ဆေးကြောရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းများကို အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်၍ နှာခေါင်းစည်း Mask အခု ၅၀၀ ကို အခမဲ့ ဖြန့်ဝေခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

မောင်လွင်( စလင်း  )