ဘူးသီးတောင်မြို့နယ်တွင် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍( Mask Campaign) ပြုလုပ်

ဘူးသီးတောင် ဖေဖော်ဝါရီ  ၂၂

ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron)  ပိုးသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှုမြှင့် မားလာခြင်းကြောင့်၊ ဘူးသီးတောင်မြို့နယ်တွင် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ (Mask Campaign) ပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဘူးသီးတောင်မြို့ လူစည်ကားရာ နေရာများဖြစ်သည့် မြို့မဈေးရှေ့၊ စျေးနောက်၊ ဦးဥတ္တမခန်းမရှေ့၊ နတ်ပင်ရင်းခွဆုံ၊ အနောက် ကွင်းစျေးတို့၌ ပြုလုပ်ဆောင် ရွက်ကြကြောင်း သိရသည်။

အဆိုပါ (Mask Campaign) ပြုလုပ်မှုတွင် ဘူးသီးတောင်မြို့နယ် သွေးအသင်း၊ WDAB  အနောက်တံခါး လူမှုကူညီရေးအသင်း၊ ဆီမီးခွက်နာရေးအသင်း၊ရွှေဘူးသီးအဖွဲ့တို့ ပူးပေါင်း၍ ဈေးအရောင်း/အဝယ် သွားလာနေကြသည့် ပြည်သူများနှင့် လမ်းသွားလာနေသည့် ပြည်သူများ ကို နှာခေါင်းစည်း (Mask) ၃၀၀၀ ခုကို ( အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)