ငဖဲ ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ် ဝင်စာမေးပွဲ၌ ကျောင်းတွင်းဖြေဆိုသူပေါင်း ၁၇၇ ဦးရှိပြီး ပြင်ပဖြေဆိုမည့် ကျောင်းသား ကျောင်သူ ၁၄၁ ဦး စုစုပေါင်း ၃၁၈ ဦး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် လျှောက် လွှာများ တင်သွင်းထားကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၃ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၃ ကျောင်း နှင့်ကိုယ်ပိုင်အထက်တန်းကျောင်း ၁ ကျောင်း ရှိပြီး ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ငဖဲ၊ ပဒါန်း စာစစ်ဌာန ၂ခုမှ ဘာသာတွဲ(၁)ဖြေဆိုသူ အတွင်းအပြင်ပေါင်း ၁၇၆ ဦး၊ ဘာသာတွဲ(၂) အတွင်းအပြင် ဖြေဆိုသူပေါင်း ၉၄ ဦး၊ ဘာသာတွဲ(၇)အတွင်းအပြင် ဖြေဆိုသူပေါင်း ၄၈ ဦး စုစုပေါင်းဖြေဆိုသူ ၃၁၈ ဦးသည် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာ များကိုတင်သွင်းထားကြောင်း ငဖဲမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မယု(ငဖဲ)