မော်လမြိုင် ဖေဖော်ဝါရီ ၂၂
ယနေ့ခေတ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူငယ်၊လူရွယ်တိုင်းနည်းပညာ ပိုင်းနှင့် သက်ဆိုင်သည့် အတွေးအခေါ်များ မြင့်မားတိုးတက်လာစေရန်အတွက် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မွန်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့မွန်းလွဲ ၁ နာရီက Mobile ဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်းသင်တန်း (အခမဲ့)ဖွင့်လှစ်သင်ကြားပေးခြင်းကို မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ဆောင်ရွက်ပေးသည်။
သင်တန်းဖွင့်ပွဲတွင် မော်လမြိုင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာ က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး နည်းပြများက Kine Master Software ဖြင့် ဗီဒီယိုတည်းဖြတ်နည်း၊ ရုပ်ပုံများထည့်နည်း၊ Logoထည့်နည်း၊ နောက်ခံ အသံထည့်နည်းနှင့် ပုံစာရေးသား နည်းများကို လက်တွေ့သင်ကြားပေးသည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ထိ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၁၃)ဦးတို့က တက်ရောက်သင်ကြားကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)