ဝိုင်းမော်မြို့၌ ပန်းခင်းစီမံချက်ဖြင့် စတုတ္ထအကြိမ်မြောက် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ဝိုင်းမော် မတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၊ စစ်ဘေးရှောင်စခန်းများတွင် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု လဝမ်ကထောင်ကျေးရွာရှိ ဩောက်အိဒ်ခန်းမဆောင်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ မိုင်းနားကျေးရွာအုပ်စုမှ တာဝန်ခံစာရေး ဦးယောဟန်က “အခုလုပ်ဆောင်ပေးတာကတော့ စတုတ္ထအကြိမ်မြောက် ကွင်းဆင်းဆောင်ရွက်တာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ ကျေးရွာအုပ်စုအတွင်းမှာ ပထမအကြိမ် ကွင်းဆင်းဆောင်ရွက်စဉ်က နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်သူ (၁၈၁)ဦး၊ ဒုတိယအကြိမ်မှာ (၁၉၆)ဦးနဲ့ တတိယအကြိမ် ကွင်းဆင်းဆောင်ရွက်ချိန်မှာတော့ (၈၃)ဦး လုပ်ဆောင်ခဲ့ပါတယ်”ဟု ပြောကြားသည်။

ယခု စတုတ္ထအကြိမ်မြောက် ကွင်းဆင်းဆောင်ရွက်ရာတွင် ဒေသခံပြည်သူ (၄၀)ကျော်သာ ကျန်ရှိပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဒေါင်ခေါင်နှင့် ကျေးရွာမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျေးရွာစာရေးများ ပူးပေါင်း၍ နေ့ခြင်းပြီး ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဝိုင်းမော်