ကြံခင်း မတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် သောကြာဒူးအုပ်စု ကရင်စုကျေးရွာ အကောက်တောင်ဘုရားတန်ဆောင်းတွင် ယမန်နေ့ (၄)နာရီအချိန်က အခြေခံရှေးဦးသူနာပြုစု ခြင်း သင်တန်း(၂/၂၀၂၂)ဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြိုနယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကြည်ဝင်းက ရှေးဦးသူနာပြုစုခြင်း သင်တန်း တတ်ရောက်ကြသော သင်တန်းသား၊ သင်တန်းသူများ ယခုသင်တန်းမှ ပို့ချသင်ကြားပေးသော စာတွေ့၊ လက်တွေ့ ဘာသာရပ်များအား သေချာလေ့လာ သင်ကြားပြီးပြီဖြစ်သဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စေတနာအပြည့်ဖြင့် ဆောင်ရွက် ကြရန် ပြောကြားသည်။
ထိုနောက် သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးအား သင်တန်းဆင်း လက်မှတ်များကို မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကြည်ဝင်းနှင့် အကောက်တောင်ဂေါပကဥက္ကဋ္ဌ ဦးရဲမြင့်သိန်းတို့မှ ပေးအပ်ကြကြောင်းနှင့် စုပေါင်းအမှတ်တရ မှတ်တမ်းတင်ကြကြောင်း သိရသည်။
အဆိုပါသင်တန်းကို အကောက်တောင်ပရဟိတအဖွဲ့ဝင် (၃၀)ဦး တတ်ရောက်ကြကြောင်းနှင့် သင်တန်းပို့ချပေးသည့် ကာလမှာ (၂၈-၂-၂၀၂၂)မှ (၂-၃-၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်ပို့ချ သင်ကြားပေးကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူထံက သိရသည်။
မိုးမိုး(ကြံခင်းပြန်/ဆက်)