စလင်းမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများအား BOOSTER DOSE ထပ်ဆောင်း ကာကွယ်ဆေး ဒုတိယနေ့အဖြစ်ထိုးနှံပေး

စလင်း မတ် ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများအား ပထမအကြိမ်နှင့်ဒုတိယအကြိမ်(COVID SHIELD)နှစ်ကြိမ်ထိုးပြီး၍ (၆)လပြည့်ပြီးသူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေးBOOSTER DOSE ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမဆောင်တွင် ကျန်းမာရေးဆရာ/မ များက ထိုးနှံပေးလျက်ရှိသည်။

စလင်းမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးနေလင်းနိုင်၏ကြီးကြပ်မှု၊ မြို့နယ်ကျန်းမာရေးဌာနမှ ဆရာ/မများ၏ပူးပေါင်းမှု၊ အထွေထွေအုပ်ချုပ်ရေး စာရေးဝန်ထမ်းများ၏ စာရင်းရေးသွင်း မှတ်တမ်းပြုစုမှုတို့ဖြင့် ကိုဗစ်-၁၉ရောဂါ ပထမအကြိမ်(covid shield)နှင့် ဒုတိယအကြိမ် ထိုးနှံပြီးစီး၍ ၆ လပြည့်ပြီးသူများအား BOOSTER DOSE ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ပထမနေ့တွင် ၃၉၀ ဦး၊ ယနေ့နံနက်ပိုင်းတွင်၁၂၅ဦး ထိုးနှံပြီးစီးကြောင်း သိရသည်။

စလင်းမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူ ၁၀၂၂၇၃ ဦး၊ ဒုတိယ အကြိမ် ၈၈၅၉၅ ဦး ထိုးနှံပြီးခဲ့သည့်အတွက် ၆၁.၀၃ရာခိုင်နှုန်းရှိကြောင်းကို စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မောင်လွင်(စလင်း)