ရမ်းဗြဲ မတ် ၂၅
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းပေါက် ချောင်းဖျားအုပ်စု၊ ထိန်တွေကျေးရွာတွင် တစ်ဖက်ပိတ်ဆည်မှ အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် ရေပေးရေး ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီ မီနစ်၃၀ အချိန်က ထိန်တွေကျေးရွာမုခ်ဦးရှေ့တွင် ကျင်းပကြရာ အခမ်းအနားသို့ ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်ဖြူခရိုင်၊ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာ အတွင်းမှ ဒေသခံပြည်သူများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ရှေ့ဦးစွာ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သန်းဦးက အဖွင့်အမှာ စကား ပြောကြားပါသည်။ ၎င်းနောက် ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမှ တစ်ဖက်ပိတ်ဆည်မှ ရေမီတာစနစ်ဖြင့် ရေပေးရေးလုပ်ငန်း တပ်ဆင်ပေးခဲ့မှုများကို ရှင်းလင်းပြောကြားပြီးနောက် ထိန်တွေ ကျေးရွာသူ ကျေးရွာသားများကိုယ်စား ရမ်းပေါက်ချောင်းဖျား ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေး မှူးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားပေးပါသည်။ ဆက်လက်၍ ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမှ ဖွင့်ပွဲအခမ်းအနား အမှတ်တရ အလံငယ်များကို ပေးအပ်ပေးပြီး နောက်အခမ်းအနားကို ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သန်းဦး နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရမ်းဗြဲမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးမျိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကူးကြပါသည်၊ အခမ်းအနားသို့ တက်ရောက်လာကြသောသူများမှ ထိန်တွေကျေးရွာအတွင်း ရေမီတာများ တပ်ဆင်သုံးစွဲနေမှုများကို လှည့်လည်ကြည့်ရှု ကြပါသည်။
အဆိုပါ တစ်ဖက်ပိတ်ဆည်မှ အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် ရေပေးရေးကို ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆) လဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ (၅၆.၁၁၁)ကျပ်သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်သည်၊ ၎င်းရေမီတာစနစ်ဖြင့် ရေပေးဝေရေးကို ဆောင်ရွက်ခြင်းမှာ ကျေးရွာသူကျေးရွာသားများအနေဖြင့် သောက်သုံးရေများကို စနစ်တကျ သုံးစွဲခြင်းဖြင့် ကျေးရွာများဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်သည်၊ ယခုတပ်ဆင်ပေးသော မီတာ စနစ်ဖြင့် ရေပေးရေးသည် ထိန်တွေ ကျေးရွာအတွင်းရှိ အိမ်ခြေ(၁၃၃)အိမ်၊ လူဦးရေ (၇၃၄)ဦး တို့အား (၂၄)နာရီ ပတ်လုံးသုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်၊ ရမ်းဗြဲမြို့နယ်အတွင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ်အတွင်း ကျေးလက် ရေပေးရေး လုပ်ငန်းများအဖြစ် ကျေးရွာ ၁၀ ရွာတွင် ပြည်ထောင်စု၊ ပြည်နယ်ရန်ပုံငွေ (၃၅၆.၂၉၃)ကျပ်သန်းဖြင့် တစ်ဖက်ပိတ်ဆည်မှ ပိုက်လိုင်းသွယ်တန်းခြင်း(၂)ခု၊ မြေသားရေကန်(၄)ကန်၊ စိမ့်စမ်းရေသွယ်ခြင်း (၂)ခုနှင့်ရေစုကန်(၆)တို့ အားဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် အိမ်ခြေ (၁၀၁၄)အိမ်၊ လူဦးရေ(၄၈၅၁)ဦးတို့အား အကျိုးပြုခံစာရမည်ဖြစ်ကြောင်းကို မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အောင်နိုင် (ပြန်/ဆက်)