ရေး မတ် ၂၅
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မတ် ၃၁ ရက်နေ့တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ရေးမြို့နယ် အတွင်းရှိ စာစစ်ဌာနကျောင်းများအား မြို့နယ်မီးသတ်ဦးစီးဌာန၊ လျှပ်စစ်၊ စည်ပင်သာယာရေးနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက မီးဘေးအန္တရာယ်ကာကွယ်ရေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို ရန်မျိုးအောင်ရပ်ကွက်ရှိ စာစစ်ဌာန(၁) အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် စာစစ်ဌာန(၂) အထက အစင်ကျောင်းများသို့ သွားရောက်ပြီး ကျောင်းဝင်း အတွင်းနှင့် စာဖြေခန်းများအတွင်း မီးဘေးအန္တရာယ် ကြိုတင်ဆောင်ရွက်ထားရှိမှုများ၊ စာသင်ခန်း ပြင်ပတွင် မီးသတ်ဆေးဘူးများ ချိတ်ဆွဲထားရှိမှု၊ မီးဘေးစီမံချက်များနှင့် မီးလောင်မှုဖြစ် ပွားပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကပ်ထားမှုများကို စစ်ဆေးဆောင် ရွက်ခဲ့ကြပြီး လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်