သတင်းများ

ရမ်းဗြဲမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Mar 25,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ၂၀၂၂ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက် မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကိုယနေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်နှင့် ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များ၊ ဈေးဆိုင်သည်များနှင့် လူစည်ကားရာနေရာများသို့ သွားရောက် ဖြန့်ဝေပေးခဲ့ကြသည်။
ညောင်တုန်းမြို့နယ်တွင် နွေရာသီ အခြေခံအားကစား သင်တန်းများဖွင့်လှစ်သင်ကြား
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊‌ ညောင်တုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မှ ကြီးမှူး၍ နွေရာသီအခြေခံအားကစား သင်တန်းများကို (၂၁-၃-၂၀၂၂)မှ (၃-၄-၂၀၂၂)ထိ မြို့နယ် အားကစားခန်းမ၌ သင်ကြားလျက်ရှိကြောင်း သိရသည်။
နွေစပါးစိုက်ခင်းများတွင် ဖျက်ပိုးရန်မှကင်းဝေးစေရန် ထရိုင်ကိုဂရားမား ဥကပ်ပါးနဂျီကောင်အသုံးပြု၍ ဇိ၀နည်းဖြင့် ကာကွယ် နှိမ်နင်း
Mar 25,2022
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ၀က္ကသေးကျေးရွာရှိ နွေစပါးစိုက်ခင်းများတွင် ဖျက်ပိုးရန်မှ ကင်းဝေးစေရန် ထရိုင်ကိုဂရားမား ဥကပ်ပါးနဂျီကောင်အသုံးပြု၍ ဇိ၀နည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်ခင်မျိုးအေး ဦးဆောင်သောအဖွဲ့က ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သာစည်မြိုနယ်တွင် အသက် ၁၈ နှစ်နှင့်အထက်ပြည်သူ ၁၀၅၆ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Mar 25,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်တွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့က သတ်မှတ်ဆေးထိုးစုရပ် အသီးသီးနေရာများ၌ ပြည်သူ ၁၀၅၆ ဦးတို့အား ဆက်လက် ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မိတ္ထီလာမြို့နယ်တွင် ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတု ကောင်းမွန်မျှတစေရန်အတွက် ပျိုးပင်ပေါင်း ကိုးသောင်း ပျိုးထောင်
Mar 25,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတု ကောင်းမွန်မျှတစေရန် အတွက် ပျိုးပင်များ အခမဲ့ဖြန့်ဝေနိုင်ရန် ပျိုးပင်ပေါင်း ကိုးသောင်း ပျိုးထောင် ထားရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိ ပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Mar 25,2022
ကရသ်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အထွေထွေ ဗဟုသုတများရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သောအကြောင်းအရာများအား သိရှိလာနိုင်စေရေးအတွက် အသိ ပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၃နာရီ အချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်‌ရေး အသိပညာပေးTalk Show ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့ သည်။
မလှိုင်မြို့နယ်၌ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက်  ဖြေဆိုခွင့်ကတ်ပြားများ စတင်ထုတ်ပေး
Mar 25,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂ဝ၂၂ ခုနှစ် မတ်လ(၃၁)ရက်၌  ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက စတင်ပြီး အ.ထ.က မလှိုင်ကျောင်း၌ ထုတ်ပေးလျက်ရှိကြောင်း  သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ​ကျင်းပမည့် စာစစ်ဌာနအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်
Mar 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် အ-ထ-က(၁)စာစစ်ဌာနအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယမန်နေ့က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။