စလင်းမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ၂၀၂၂ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ သက်ဆိုင်ရာ စာစစ်ဌာနများ၌ ထုတ်ယူ

စလင်း မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂ ခုနှစ် မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်များကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြေဆိုခွင့် ကတ်ပြားများကို မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတို့တွင် ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ် စဉ်ပါသော စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (ldentity Card) များကို ယနေ့မှစတင်ကာ ထုတ်ယူပေးလျက်ရှိပြီး အခြေခံပညာ အထက်တန်းအဆင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စလင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးစာသင်ကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအားလုံး မိမိတို့၏သက်ဆိုင်ရာ စာစစ်ဌာန(၇)ခုတို့တွင် ဝင်ရောက် ဖြေဆိုကြရမည်ဖြစ်သည်။

စလင်းမြို့စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ(၇၁၈)ဦး၊ ဆင်ဖြူကျွန်းစာစစ်ဌာနတွင်(၃၁၁)ဦး၊ ဇီးဖြူပင် စာစစ်ဌာနတွင်(၉၈)ဦး၊ ပြည်စိုးကုန်းစာစစ်ဌာနတွင်(၉၉)ဦး၊ တညောင်စာစစ်ဌာနတွင် (၁၇၃)ဦး၊ စလင်းတပ်နယ်စာစစ်ဌာနတွင်(၁၆၆)ဦး၊ လင်းဇင်းစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်သူ(၁၄၇)ဦး ဖြေဆိုကြပြီး စလင်းတစ်မြို့နယ်လုံး ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူပေါင်း(၁၇၁၂)ဦးရှိပြီး မြို့နယ် အတွင်းရှိ စာစစ်ဌာန အသီးသီးတွင် ကျောင်းသား၊ ကျောင်းသူကလေးများ တက္ကသိုလိဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများ ထုတ်ယူကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မောင်လွင်