ပခုက္ကူမြို့၌ (၈)ခန်းတွဲ(၅)ထပ်နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတစ်လုံး တည်ဆောက်မှုလုပ်ငန်း (၆၀) ရာခိုင်နှုန်း ကျော်ပြီးစီး

ပခုက္ကူ မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၈)ခန်းတွဲ(၅)ထပ် နိုင်ငံဝန်ထမ်းအငှားအိမ်ရာတစ်လုံး တည်ဆောက်မှု လုပ်ငန်းကို ၂၀၂၁ခုနှစ်၊ဇန်နဝါရီလ၁ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၆၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၉၈၉)သန်းဖြင့် (၈)ခန်းတွဲ(၅)ထပ် နိုင်ငံဝန်ထမ်းအငှားအိမ်ရာတစ်လုံးကို တင်ဒါအောင်မြင်သည့် မန်းဧရာဝတီ ဆောက်လုပ် ရေး ကုမ္ပဏီမှ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ၁ ရက်နေ့မှစတင်ပြီးတာဝန်ယူတည်ဆောက်လျက်ရှိရာ ယခုအခါ (၆၀)ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါအဆောက် အအုံ၏အကျယ်အဝန်းမှာ စတုရန်ပေ ပေါင်း(၃၃၈၂၂)ရှိပြီး တစ်ထပ်အတွင်း၌ အခန်းပေါင်း(၈)ခန်းပါရှိသည့် (၅)ထပ် အဆောက် အအုံတစ်လုံး ဖြစ်ကြောင်း၊ တည်ဆောက်မှုလုပ်ငန်းများကို ၂၀၂၂-၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ငန်းစံချိန်စံညွှန်းအရည်အသွေးများနှင့်ကိုက်ညီစွာ အကောင် အထည်ဖော်တည်ဆောက်ပြီးစီးရေး ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းလှိုင်နှင့်တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း  မန်းဧရာဝတီဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက် ရေး တာဝန်ခံ အင်ဂျင်နီယာ ဦးတိုးကိုကိုဟန်က ပြောသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)