တောင်တွင်းကြီး မတ် ၂၅
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ၀က္ကသေးကျေးရွာရှိ နွေစပါးစိုက်ခင်းများတွင် ဖျက်ပိုးရန်မှ ကင်းဝေးစေရန် ထရိုင်ကိုဂရားမား ဥကပ်ပါးနဂျီကောင်အသုံးပြု၍ ဇိ၀နည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်ခင်မျိုးအေး ဦးဆောင်သောအဖွဲ့က ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နွေစပါးစိုက်ခင်းများ ပင်ပွားစီးချိန်တွင် ကျရောက်တက်သည့် အဓိက ဖျက်ပိုးဖြစ်သော ဆစ်ပိုးနှင့် ရွက်လိပ်ပိုးများရန်မှ ကာကွယ်နိုင်ရန်အတွက် ထရိုင်ကိုဂရားမား ဥကပ်ပါးနဂျီကောင်လွှတ်၍ ဇိ၀နည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းကို စပါးတစ်ဧကတွင် နဂျီကဒ်(၄၀) အသုံးပြု၍ ၀က္ကသေးကျေးရွာရှိ နွေစပါးစိုက်ဧက(၁၀)ဧကအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အေးမိုးမိုးမြင့်