ညောင်တုန်း မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မှ ကြီးမှူး၍ နွေရာသီအခြေခံအားကစား သင်တန်းများကို (၂၁-၃-၂၀၂၂)မှ (၃-၄-၂၀၂၂)ထိ မြို့နယ် အားကစားခန်းမ၌ သင်ကြားလျက်ရှိကြောင်း သိရသည်။
ထိုသို့ နွေရာသီအားကစားသင်တန်း ဖွင့်လှစ်သင်ကြားပေးရာတွင် လူငယ်/လူရွယ်၊ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းအားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန်၊ အားကစားအပေါ် စိတ်ပါဝင်စားလာရန်၊ မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ အားကစားနည်းအလိုက် အခြေခံနည်းစနစ်များအား စနစ်တကျ တတ်မြောက်စေရန်၊ ကာယ၊ ညဏ၊ စာရိတ္တ၊ ဘက်စုံဖွံ့ဖြိုးတိုးတက် လာစေရန်၊ မျိုးဆက်သစ် အားကစား သမားကောင်းများ ပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ပြီး ဘောလုံး၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ ကြက်တောင်စသည့် အားကစားနည်းများကို ဖွင့်လှစ်သင်ကြားပေးရာ ကစားသမားများအနေဖြင့် မိမိတို့နှစ်သက်ရာ အားကစားနည်းများအလိုက် တက်ရောက်သင်ကြား လျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှူးထံမှ သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)