သာစည်မြိုနယ်တွင် အသက် ၁၈ နှစ်နှင့်အထက်ပြည်သူ ၁၀၅၆ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

သာစည် မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်တွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့က သတ်မှတ်ဆေးထိုးစုရပ် အသီးသီးနေရာများ၌ ပြည်သူ ၁၀၅၆ ဦးတို့အား ဆက်လက် ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် အဋ္ဌမအသုတ် ပထမအကြိမ်အဖြစ် သာစည်မြိုနယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသည့်  ပြည်ညောင်၊ ဇီးတောအိုင်၊ အောင်သာ၊ မကျီးခွ၊ ကြပ်စခန်း၊ ညောင်တို၊ ကွမ်းခြံရိုး၊ အမှတ်(၄)၇ပ်ကွက်၊ ကုန်းတောင်းအနောက်၊ ညောင်ကုန်း၊ ကျောက်ပြားတောင်၊ ကုက္ကိုလ်ပေါက်၊ ကျီတိုင်ကုန်း၊ ထနောင်းကန်၊ မင်းကံကုန်း ကျေးရွာများရှိ ပြည်သူ ၁၀၅၆  ဦး တို့အား ထိုးနှံပေးခဲ့သည်။

သာစည်မြိုနယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်မှစ၍ ဦးတည် အုပ်စု အလိုက် ထိုးနှံပေးခဲ့ရာ ယမန်နေ့အထိ Sinopharm ပထမအကြိမ် ထိုးနှံပြီးသူ ၆၂၈၆၉ ဦး ၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ ၅၇၆၃၁ ဦး၊ Sonovac ပထမအကြိမ်ထိုးနှံပြီးသူ ၁၇၇၉၆ ဦး နှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ ၁၆၉၄၇ ဦး၊ Covidshield ပထမအကြိမ်ထိုးနှံပြီးသူ ၂၂၈၁၄  ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ ၆၅၃၄ Sputnik Light ထိုးနှံပြီးသူ ၄၆၁၇  ဦးနှင့်  Booster ထိုးနှံပြီးသူ ၉၀၁၃ ဦး ရှိကြောင်း စုစုပေါင်း ၁၉၈၂၂၁ ဦးထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မြိုနယ်(ပြန်/ဆက်)