သတင်းများ

သာစည်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်စာစစ်ဌာနများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Mar 25,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်  စာစစ်ဌာနများ  မီးဘေးလုံခြုံရေးကို မတ် ၂၄ ရက်က် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီအခြေခံ ပန်းချီသင်တန်း (စတုတ္ထအကြိမ်) ဖွင့်လှစ်
Mar 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျောင်းသား/သူများ နွေရာသီကျောင်းပိတ်ရက်များတွင် ကာယဉာဏဖွံ့ဖြိုးစေရန်၊ အရောင် များ၏ဆက်စပ်မှုများကို သိရှိစေရန်၊ ပန်းချီရေးဆွဲနည်းပညာ အား သိရှိစေရန် ရည်ရွယ်၍ စတုတ္ထအကြိမ်မြောက် နွေရာသီအခြေခံပန်းချီသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
ငါ့သရောက်မြို့၌  (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်အခမဲ့ ဖြန့်ဝေ
Mar 25,2022
မန္တလေးတိုင်းဒေသကြီး၊ ညောငဦးခရိုင်၊ ငါ့သရောက်မြို့၌ (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်အခမဲ့ဖြန့့်ဝေခြင်းကို မတ်လ ၂၅ ရက်နေ့ နံနက်၉နာရီ အချိန်က ငါ့သရောက် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာနေရာများသို့ သွားရောက်ကာ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငပုတောမြိုနယ်၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယနေ့ နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာများ၊ လမ်းမကြီးဘေးနှင့် လူစည်ကားရာ နေရာများဖြစ်သည့် ကြိုဆိုပါ၏ ဂိတ်တို့တွင် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အိမ်မဲမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကြောင့် ရပ်နားခဲ့ရသော အခြေခံပညာအလယ်တန်းဆင့် (အဋ္ဌမတန်း)နှစ်ဆုံး စာမေးပွဲ ဆက်လက်ဖြေဆို
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မတ်လ ၁၇ ရက်နံနက် ၉ နာရီအချိန်မှ စတင်၍ အခြေခံပညာကျောင်းများအသီးသီး၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်းဆင့် (အဋ္ဌမတန်း) နှစ်ဆုံးစာမေးပွဲ စတင်ကျင်းပခဲ့ရာ မတ်လ ၂၂ ရက်နေ့တွင် မုန်တိုင်းအန္တရာယ်ကြောင့် ခေတ္တရပ်နားခဲ့ရပြီး ယနေ့တွင မုန်တိုင်းအန္တရာယ် ကင်ရှင်းသွားပြီဖြစ်သောကြောင့် စာမေးပွဲဆက်လက်ဖြေဆိုနေကြောင်း သိရသည်။
ကျုံပျော်မြို့နယ်၊ အထောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား တူညီဝတ်စုံများ ချီးမြှင့်ပေးအပ်
Mar 25,2022
ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရန်နှင့် သက်သာချောင်ချိမှုရှိစေရန်အတွက် ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဝန်ထမ်းများအား တူညီ ဝတ်စုံများ ချီးမြှင့်ပေးအပ်ခြင်းကို ယမန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘက်စုံသုံးဆပ်ပြာဆီသင်တန်း ဖွင့်လှစ်
Mar 25,2022
ပြင်ဦးလွင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဘက်စုံသုံးဆပ်ပြာဆီသင်တန်းကို မတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရပြီး  ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
Mar 25,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု၊ ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အခွန်ငွေကောက်ခံရရှိမှုနှင့် Mini Budget တွင် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ