ရမ်းဗြဲ မတ်လ ၂၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ၂၀၂၂ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက် မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကိုယနေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်နှင့် ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များ၊ ဈေးဆိုင်သည်များနှင့် လူစည်ကားရာနေရာများသို့ သွားရောက် ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ ဖြန့်ဝေလျက်ရှိရာ(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော် အစဉ် အလာကောင်း(၁၂) ရပ်၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခံရသည့် စိုးမိုး(ပုသိမ်)၏ " နွေအလှ " ကဗျာ၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က တပ်မတော်သားများသို့ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းမှ "ပါဝင်ကူညီ" ခေါင်းစဉ်ဖြင့် ကောက်နုတ်ဖော်ပြချက်နှင့်ဆောင်ပုဒ်များ ပါဝင်သည်။
အဆိုပါ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ထုတ်ဝေသော သတင်းစား လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကဌာန ဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များ၊ ဈေးဆိုင်သည်များနှင့် လူစည်ကားရာနေရာများသို့ သွားရောက်ဖြန့်ဝေပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မင်းသိန်းထွန်း