ငါ့သရောက်မြို့မတ်၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် အခမဲ့ ဖြန့့်ဝေခြင်းကို မတ်လ ၂၅ ရက်နေ့ နံနက်၉နာရီ အချိန်က ငါ့သရောက် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာနေရာများသို့ သွားရောက်ကာ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ခုနှစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြား သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာအသရေ စည်သူမင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ ကာကွယ်စောင့်ရှောက်သွားမည်သာ၊ အသက်သွေးချွေးစဉ်မနှေးပေးဆပ်သည်မှာ တပ်မတော်ပါ ဆောင်ပုဒ်၊ နွေအလှကဗျာ၊ တပ်မ တော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်စသည့် ခေါင်းစဉ်များပါရှိပြီး ပြည်သူများ သိရှိစေရန် ရည်ရွယ်ပြီးဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဖြိုးဝေ (ပြန်/ဆက်)