အိမ်မဲ မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မတ်လ ၁၇ ရက်နံနက် ၉ နာရီအချိန်မှ စတင်၍ အခြေခံပညာကျောင်းများအသီးသီး၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်းဆင့် (အဋ္ဌမတန်း) နှစ်ဆုံးစာမေးပွဲ စတင်ကျင်းပခဲ့ရာ မတ်လ ၂၂ ရက်နေ့တွင် မုန်တိုင်းအန္တရာယ်ကြောင့် ခေတ္တရပ်နားခဲ့ရပြီး ယနေ့တွင မုန်တိုင်းအန္တရာယ် ကင်ရှင်းသွားပြီဖြစ်သောကြောင့် စာမေးပွဲဆက်လက်ဖြေဆိုနေကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းဆင့် (အဋ္ဌမတန်း) နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန (၄၁)ခုဖြင့် စာရင်းရှိ ၁၄၅၈ ဦး၊ ဖြေဆို ၁၄၀၉ ဦးနှင့်ပျက်ကွက် ၄၉ ဦးရှိကြောင်းနှင့် ယနေ့တွင် သမိုင်းဘာသာရပ်ဖြေဆိုနေကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ)